LOVES HOME ရေပိုက်ရှင်းဆေး_HALCCN0007

SHWEMall

  • Ks 6,500


ရေပိုက်ရှင်းဆေး_HALCCN0007 600g

ပုံမှန် အပူချိန်တွင် ပိတ်ဆို့နေသည်များကို ဖျော်ပြစ်ပြီး ပိုက်ရှင်းပေးသည်။ အေးသွားချိန်တွင်လဲ ခဲသွားခြင်း မရှိပါ။ ပိတ်ဆို့မှုရှင်းပေးသည့်အပြင် သန့်စင်ခြင်း၊ ပိုးမွှားများကာကွယ်ပေးခြင်း၊ အနံဆိုးမျာ ဖျောက်ခြင်းတို့ ပြုလုပ်ပေးသည်။

သတိထားရန်

  • ပါးစပ်ထဲ မထည့်ရ၊ ကလေးမထိရ၊ မျက်စိနှင့် မထိရ။ ထိမိခဲ့ပါက ရေများများဖြင့် ချက်ချင်းဆေး၍ ဆရာဝန်ပြပါ
  • အသုံးပြုစဥ်တွင် ရေသည် ပိုက်ဝထက် မပိုရ၊ ဤဆေး သည် အရည်ပျော်သောအခါတွင် အပူထွက်သည်၊ ပြီးလျှင် ရေမြုပ်များ အများအပြားထွက်သည်။ အသုံးပြုစဥ်တွင် မျက်မှန်၊ လက်အိတ် နှင့် အသားများပေါ်နေပါက အကာအကွယ်ယူထားပါ။ အသုံးပြုစဥ် အနီးကပ် မသုံးပါနှင့်။ ထွက်လာသော အမြုပ်များကို ရေဖြင့် ရေပိုက်ထဲသို့ ပြုန် ဆေးထည့်ပါ။ အရေပြားနှင်ထိတွေ့မိပါက ရေများများဖြင့် ဆေး၍ ဆရာဝန်နှင့်ပြပါ။
  • လေဝင်လေထွက်ရှိသောနေရာတွင် သုံးပါ
  • အခြားသော ပစ္စည်းများနှင့် ရောနှော မသုံးရ
  • သံပိုက်၊ PVC ပိုက်များအတွက်အသုံးပြုနိုင်သည်။ ပိုက်ပျော့နှင့် အလူမီနီယံပိုက်များအတွက် အသုံးမပြုသင့်ပါ။ ဤဆေးသည် အဆီခဲများ၊ ဆံပင်၊ လက်ဖက်ရွက်၊ တိရိစ္ဆာန်အမွှေး၊ သေးချေး၊ ဆပ်ပြာ၊ တစ်ရှုးစက္ကူ၊ အဝတ်စအမွှေးများ၊ အခြား မီးဖိုအကြွင်းအကျန်များ နှင့် သေးငယ်သော အမှိုက်များကို အရေပျော်စေသည်။ ခေါင်းဖီး၊ တူ၊ ဆံညှပ်၊ အဝတ်တစုတ်၊ ပလပ်စတစ်ခဲ၊ သဲ ဘိလပ်မြေများ မပျော်ပါ။
  • အသုံးပြုရ မကုန်ပါက အဖုံးသေချာဖုံးရန်၊ စိုထိုင်းမခံပါနှင့်
  • ပိုက်ပျော့၊ အလူမီနီယံပိုက်များတွင် အသုံးပြုမည်ဆိုပါက 1:4 ဖြင့် ရေဖြင့် ဖျော်ပြီးမှ အသုံးပြုပါ

ဤဆေးကို အသုံးပြုသောအခါတွင် ဆေးပမာဏ၏ ၂ ဆခန့်ရှိသောရေကို တခဏအတွင်း ဆူပွက်စေနိုင်သည်။ အသုံးပြုရာတွင်း နည်းနည်းနှင့် အကြိမ်ရေ များများ အသုံးပြုပေးပါ။ ရေပမာဏ လောက်ပါစေ၊ တအားမပူပါစေနှင့်။ သတိဖြင့် တကြိမ်တည်း အားလုံးအရည်ပျော် သည်အထိ အသုံးမပြုပါနှင့်။

အသုံးပြုပုံ

ဘေစင်၊ ရေချိုးခန်းပိုက် များတွက်

1.ပိုက်ထဲသို့ ရေအတန်အသင့်ထည့်ပါ။ (ပုံမှန်အပူချိန် သို့မဟုတ် ရေနွေးနွေးလေး) ရေသည် ရေပိုက်လျှံကျနေပါက ရေထပ်ထည့်ရန်မလိုအပ်ပါ။ ရေပိုက်ဝတွင်ရှိနေသော ရေပိုများကို ရှင်းလင်းပါ။

2.တခါသုံးလျှင် အဖုံး (၁-၂ ဖုံး) ခန့် ကို ၁-၃ မိနစ်ခြား တစ်ခါ လောင်းထည့်ပါ။ ၁-၂ မိနစ်ကြာပြီးသောအခါတွင် 2L  ခန့်ရှိသော ရေကို ပိုက်ထဲသို့ လောင်းထည့်ပါ။ ဆီချေးမျာ တအား ပိတ်စို့နေပါက ရေနွေးဖြင့် လောင်းထည့်နိုင်သည်။

3.၃၀ မိနစ် - ၁နာရီခန့်ကြာသောအချိန်တွင် ရေများများဖြင့် လောင်းထည့်ပါ။ ရေပိုက်မပွင့်သေးပါက အထက်ပါအတိုင်း ပွင့်သည်အထိ ထပခါတလဲလဲလုပ်ပါ။

အိမ်သာအတွက်

1.အသုံးမပြုခင် အိမ်သာအိုးအတွင်းရှိ ရေပိုများကို ထုတ်ပါ။ ပုံမှန်ရေချိန်ထက်များသော ရေများကို ထုတ်ခြင်းဖြင့် ပိုက်ရှင်းခြင်းကို များစွာ အထောက်အကူပြုသည်။

2.ဆေး 200-600G ခန့်လောင်းထဲ့ပါ၊ ၁-၂ မိနစ် ကြာပြီးနောက် ရေများများလောင်းထည့်ပါ။

3.၁-၂  နာရီကြာသောအခါတွင် ရေအများကြီးဖြင့် လောင်းချခြင်းဖြင့် ပိုက်ရှင်းပေးပါသည်။ ပိုက်မပွင့်သေးပါက အထက်ပါအတိုင်း ပွင့်သည်အထိ ထပခါတလဲလဲလုပ်ပါ။

Main ပိုက်များ ရှင်းရန်အတွက်

1.ပိုက်ထဲသို့ ရေအတန်အသင့်ထည့်ပါ။ (ပုံမှန်အပူချိန် သို့မဟုတ် ရေနွေးနွေးလေး) ရေသည် ရေပိုက်လျှံကျနေပါက ရေထပ်ထည့်ရန်မလိုအပ်ပါ။ ရေပိုက်ဝတွင်ရှိနေသော ရေပိုများကို ရှင်းလင်းပါ။

2.ဆေး 200-600G ခန့်လောင်းထဲ့ပါ၊ ၁-၂ မိနစ် ကြာပြီးနောက် ရေများများလောင်းထည့်ပါ။

3.၁-၂  နာရီကြာသောအခါတွင် ရေအများကြီးဖြင့် လောင်းချခြင်းဖြင့် ပိုက်ရှင်းပေးပါသည်။ ပိုက်မပွင့်သေးပါက အထက်ပါအတိုင်း ပွင့်သည်အထိ ထပခါတလဲလဲလုပ်ပါ။


We Also Recommend