အပူထုတ် ရှားခြစ်၊ စုပ်ခွက် စက်

SHWEMall

  • Ks 28,000


- အပူဖြင့် ရှားခြစ်ခြင်း၊ စုပ်ခွက်အနေဖြင့် အသုံးပြုသော စက်

- ခေါင်းကိုင်၊ အပူမိ၊ အကြောညောင်ချိန်မျိုးတွင် ရှားခြစ်လေ့ရှိသည်

- ရှားခြစ်၊​ စုပ်ခွက်စုပ်ခြင်းဖြင့် အညောင်းညာပြေသည်

- ကျော၊​ ဂုတ်၊ ပေါင်၊ ခြေသလုံး၊ လက်မောင်း တို့တွင် ခြစ်ကြသည်။ ခြစ်စဥ်တွင် Direction တစ်ခုတည်းသာ ခြစ်သင့်သည်။​

(ကိုယ်ဝန်ဆောင်သူများ မသုံးသင့်ပါ။​)

- အသုံးပြုစဥ် အစဥ်ပြေစေရန် လက်ဖြင့် အုပ်ရလွယ်ကူသော ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်

- ကိုယ်ထည်သေးငယ်သော်လည်း စုပ်အား ပြင်း၍ အပူအလွယ်တကူထွက်သည်

- 1800 mAh အားသွင်းဓါတ်ခဲ ဖြင့် ပြန်လည်အားသွင်း အသုံးပြု၍ရသည်

- ပြင်းအား၊ အပူ ၉ ဆင့်

- ရှားခြစ်ခြင်းအတွက် မိမိခြစ်မည့်နေရာကို ဆီ၊ ပရုတ်ဆီ၊ အုန်းဆီလိုအပ်သော စုပ်အားကို ဖွင့်၍ ဆွဲနိုင်ပါသည်။ အပူကြိုက်လျှင် အပူကိုဖွင့်ပါ။ စိတ်ကြိုက် အချိန်သုံးနိုင်သည်။​

- စုပ်ခွက် အတွက် မိမိလိုအပ်သော ပြင်းအားကို လုပ်၍ တနေရာတည်းတွင်းစုပ်ထားပါ။​ ၁ နေရာတွင် ၂ မိနစ်ထက်ပို၍ မစုပ်သင့်ပါ။​ အကြာကြီးသုံးလျှင် အဖုထတတ်သော ကြောင့်ဖြစ်သည်။​ ၃၀ မိနစ် Timer ပါသည်။​

အားသာချက်များ

- ရိုးရာရှာခြစ်ရာတွင် ခွက်စောင်း၊ အပြားများဖြင့် ခြစ်ရသောကြောင့် ခြစ်ပေးသူမှ အားအများကြီး စိုက်ထုတ်ရပြီး၊ အခြစ်ခံရသူမှာလည်း အသား နာသည်။​ ခြစ်ပြီးချိန်တွင် အပူထွက်၍ ခေါင်းကိုက်သက်သာသော်လည်း၊ အသားနာ တတ်သည်။

- ရိုးရာစုပ်ခွက် အသုံးပြုလျှင် အလုပ်ရှုပ်သည်၊ အခမသင့်လျှင် အပူလှောင်တတ်သည်

ပါဝင်သော အပိုပစ္စည်းများ

- ပေကြိုး ၁ ခွေ

- ဆီ 10ML ၃ ဗူး

- အညှပ် ၁ ခု

- USB အားသွင်းကြိုး (ခေါင်းမပါ) ၁ ချောင်း

- ဂွမ်း တစ်ထုပ်

- အကြောစာအုပ် ၁ အုပ်