LOVES HOME ပိုက်တွင်း ဘိလပ်မြေဖျော် ဆေး_HCMCM001
ပိုက်တွင်း ဘိလပ်မြေဖျော် ဆေး_HCMCM001(500g)
ပြုပြင်ပြီး ပိုက်တွင်းကျန်ရှိသော ဘိလပ်မြေ ဖယ်ရှားရန်
LOVES HOME ပိုက်တွင်း ဘိလပ်မြေ ပျော် AGENT
- ကြွေပြားကပ်ပြီးဘိလပ်မြေကျန်
- ရေယိုပြန်ဖာပြီး ဘိလပ်မြေကျန်
- ကားဘော်ဒီ၊ ဂွေ ဘိလပ်မြေကပ်
- ရေပိုက်ဘိလပ်မြေပိတ်၊ပြန်လုပ်ရင် အကုန်အကျများ
သတိထားရန်
- ပါးစပ်ထဲ မထည့်ရ၊ ကလေးမထိရ၊ မျက်စိနှင့် မထိရ။ ထိမိခဲ့ပါက ရေများများဖြင့် ချက်ချင်းဆေး၍ ဆရာဝန်ပြပါ
- လေဝင်လေထွက်ရှိသောနေရာတွင် သုံးပါ
- ဤပစ္စည်းသည် ဆီးဂျိုးများကိုလဲဖယ်ရှားပေးသောကြောင့် အသုံးပြုစဥ် အနံအသက်ဆိုးများ ထွက်တတ်သည်၊ သတိထား၍ အနံ ထုတ်ပါ၊ တံခါးပိတ်ပါ။
- အခြားသော ပစ္စည်းများနှင့် ရောနှော မသုံးရ
- အသုံးပြုရ မကုန်ပါက အဖုံးသေချာဖုံးရန်၊ စိုထိုင်းမခံပါနှင့်
- အကယ်၍ စျေးကြီးသော ကျောက်ပြားများ၊ အလူမီနီယံ၊ ကြေး ပစ္စည်းများ တွင် အသုံးပြုမည်ဆိုပါက အရင်ဆုံး စမ်းသပ်ပြီး မျအသုံးပြုပါ။
အသုံးပြုပုံ
50g ခန့်ကို 100ml ရှိသော ရေပူဖြင့် ဖျော်ပါ။ ရေပူနေစဥ် အသုံးပြုပါ။
အားလုံးပိတ်နေပါက
ရေပိုက်တွင်းရှိ ရေများကို ဖယ်ရှားပါ။ ဖျော်ထားသော ဆေးရည်ကို ထည့်ပါ၊ အားလုံးစိမ့်ဝင်သွားသည် အထိစောင့်ပါ။ ၂ ရက်ကြာပြီးသောအခါ ပျော့သွားသော မျက်နှာပြင်ကို ဖယ်ပါ။ ရေပိုက် အားလုံး ပွင့်သွားသည်အထိ အထက်ပါအတိုင်း ထပ်ခါတလဲလဲလုပ်ပါ။
တစိတ်တဒေတပိတ်ပါက
ဆီးဂျိုးများ၊ ဘိလပ်မြေအချိ့နေရာတွင် ပိတ်နေပြီး ရေဆင်းသော်လဲ ရေဆင်းအား မကောင်းပါက (50-100ml) ခန့်ကို လောင်းထည့်ပါ။ ရေဒေါက်လျှောက်ဆင်းနေသောကြောင့် နည်းနည်းနှင့် အကြိမ်များများ လောင်းပါ။ လောင်းပြီးလျှင် အမာ သို့ Brush ဖြင့် ခြစ်ထုတ်ပါ။
ရေစိမ်၍လုံးဝမရပါက
ရေဒေါက်လျှောက်ဆင်းနေပါက Brush ဖြင့် ဆေးရည်ကို လိုအပ်သော နံရံကို တိုက်ပါ။ အကြိမ်များများလုပ်ပါ။
3cm ခန့်ရှိသော အတုန်းကို စမ်းကြည့်ခြင်း
1.ဘိလပ်မြေအတုန်းလေးကိုယူပါ
2.ဖန်ခွက်ထဲကို ထည့်ပါ၊ ဆေးမှုန့် 50g၊ ရေ 200ml ထည့်ပါ
3.၃ ရက်ခန့်တွင် (ရေ ၂ ခါလဲပြီး) ချိန်တွင် မျက်နှာပြင် ပျော်သွား
4.ရ ရက်ခန့်တွင် တော်တော်များများ ပျော်သွား
5.၉ ရက်ခန့်တွင် အကုန်နီးပါး ပျော်ကုန်ပြီးဖြစ်သည်။ ရေ ၄ ခါလဲ